မြင်းခြံ  ၂၁ ဇွန်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် သံမဏိ-ဆားခါးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

သံမဏိ-ဆားခါးလမ်းသည် ယခင်က ဂျင်းလမ်းဖြစ်ပြီး မိုးရွာသည့်အခါတွင် လမ်းချော်ပြီး သွားလာရေးခက်ခဲသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

 

သံမဏိ-ဆားခါးလမ်း အရှည် ၁/၀ ဒသမ ၄၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာလမ်းကို တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၁၆၈ ဒသမ ၂၈ သန်းဖြင့် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ဒေသထွက်ကုန်ပစ္စည်းများ လွယ်ကူစွာ တင်ပို့ရောင်းချနိုင်တော့မည် ဖြစ်သည်။

 

ကျော်စွာ(မြင်းခြံ)