နေပြည်တော် ဇွန် ၂၁
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၃ ဦးထပ်မံတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၂၉၀ ရှိသွားပြီ ဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူ ၃ ဦးမှာ ကာတာနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၂၉၀ အနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၂၀၀ ရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၈၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သတင်းစဉ်