ဒဂုံ(အရှေ့ပိုင်း) ၂၂ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာ (၃၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွားများအား သုံးလတစ်ကြိမ်ပေးအပ်သော လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ယနေ့မန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွားများအား လူမှုရေး ထောက်ပံ့ငွေများကို တစ်လ ကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် (၃)လစာ ထောက်ပံ့ငွေ ကျပ် ၃၀ဝ၀ဝ နှင့် ကိုဗစ်- ၁၉ရောဂါကာလ ထပ်ဆောင်းထောက်ပံ့ငွေ ကျပ် ၃၀ဝ၀ဝ ကျပ် တစ်ဦးလျှင် စုစုပေါင်း ကျပ် ၆၀ဝ၀ဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွားများအား ဧပြီ၊ မေ၊ ဇွန် (၃)လအတွက် လူမှုရေးပင်စင်နှင့် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေရရှိသော အဘိုးအဖွား (၄၃၁)ဦးရှိပြီး အဆိုပါထောက်ပံ့ငွေများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)


