ကျောင်းကုန်း ၂၂ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပရာ မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဂျေကမ္ဘာငြိမ်းချမ်းက ရှင်းလင်း ပြောကြားရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ နှင့် အရာရှိ အရာခံ အကြပ်တပ်သားများ၏ ဇနီးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

 

ထို့နောက် မိသားစုလိုင်းခန်းများသို့ သွားရောက်၍ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)