တံတားဦး ၂၂ ဇွန်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျစွာကျေးရွာအုပ်စု ညောင်ကန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် ကုန်ကုတ်လမ်းဖောက်လုပ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းကို Zarni Chit ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်းအရှည် ၁ မိုင် ၆ ဖာလုံ၊ လမ်းကျယ် ၁၂ ပေနှင့် လမ်းအမြင့် မြေသား ၂ ပေ ဂျင်းကျောက် ၉ လက်မ ကို ကုန်ကျငွေ ၈၇.၆၈၀ ကျပ်သန်းဖြင့် ဖောက်လုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်းထံမှ သိရသည်။
အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာနေသူများအနေဖြင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ပြီး ရာသီမရွေးသွားလာနိုင်မည် ဖြစ်ကြောင်း၊ ပြည်သူများ၏ ဒေသအကျိုးကို ရှေးရှုပြီး နိုင်ငံတော်မှ ဖောက်လုပ်ပေးသည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် ဒီလမ်းကြီး မပျက်စီးအောင် ကျေးရွာသူ/သားများမှ ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


