ဟိုပုံး ၂၂ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့ လမ်းဆုံ၌ နေအိမ်ပြင်ပမှ ထွက်ခွာပါက မဖြစ်မနေ Mask တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့လမ်းဆုံတွင် နေအိမ် ပြင်ပသို့ သွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးပြီး Mask တပ်ဆင်ခြင်းမရှိသူ ၂၅၀ အား ဒဏ်ပေးစနစ်အနေဖြင့် Mask နှစ်ခုလျှင် ငွေကျပ် ၅၀ဝ နှုန်းဖြင့် ဝယ်စေပြီး ချက်ချင်း တပ်ဆင်စေခဲ့ကြောင်း သိရသည်။
နန်းခမ်းခြူး(ဟိုပုံး)


