ဆော ၂၂ ဇွန်
မိုးကြိုကာလတွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး၊ ဓာတ်အားလိုင်း ပြတ်တောက်ခြင်းများ မဖြစ်စေရေး၊ လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်ပြိုလဲမှု အန္တရာယ်များ မဖြစ်စေရေးတို့အတွက် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ပြည်သူများအသုံးပြု သွားလာလျက်ရှိသော လမ်းဘေးဝဲယာတစ်လျှောက်ရှိ လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းကို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ယမန်နေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခုကဲ့သို့ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကြောင့် မိုးရာသီတွင် သစ်ပင်သစ်ကိုင်းများ ကျိုးကျမှုကြောင့် ဓာတ်အားလိုင်းကြိုးများ ပြုတ်ကျခြင်း၊ လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်ခြင်းများ အထိုက်အလျောက် လျော့ပါးသွားမည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် ဓာတ်အားဖြတ်တောက်မှုများကိုလည်း ပြည်သူများသို့ အသိပေးပန်ကြားထားကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


