ဟင်္သာတ ၂၂ ဇွန်
ဟင်္သာတခရိုင် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ထွေ/အုပ်ရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြိး ခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာညီညီလွင် က ပြန်လည်ရောက်ရှိလာကြသော ပြည်ပပြန်များကို ဟင်္သာတမြို့ Quarantine Center များတွင် ထားရှိမူ အခြေအနေများကို ရှင်းလင်းတင်ပြပြီး အလှူရှင် များက လှူဒါန်းသော အလှူငွေ စုစုပေါင်း ၈၁ သိန်းကို တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)


