မော်လမြိုင် ၂၂ ဇွန်

 

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ အိပ်မက်သစ် စာကြည့်တိုက်အား ကွန်ပျူတာ စာသင်ခန်းအပေါ်မှ အလျား(၁၆)ပေ၊ အနံ(၃၈)ပေ၊ အမြင့်(၂၃)ပေရှိ အထပ်မြင့် RC (၂) ထပ် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်နိုင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ကို အိပ်မက်သစ် စာကြည့်တိုက်ကော်မတီ ကိုယ်စားလှယ် ဦးစိုးသက်ဦးနှင့် တာဝန်ရှိသူများထံပေးအပ်သည်။

 

အဆိုပါ သိပ်ဇရပ်မြို့ရှိ အိပ်မက်သစ် စာကြည့်တိုက်သည် မွန်ပြည်နယ်၌ အောင်မြင်နေသော စာကြည့်တိုက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

 

ပြည်နယ်(ပြန်/ဆက်)