ကမာရွတ် ၂၃ ဇွန်

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယဉ်စီမံခန့်ခွဲမှု ဉပဒေသစ်အား ပြည်သူများနှင့် ယာဉ်မောင်းများ သိရှိလိုက်နာနိုင်စေရန်အတွက် ဉပဒေသစ် စာအုပ်များနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းအား ယနေ့ နံနက် ၉ နာရီက လှည်းတန်းမှတ်တိုင် အနီးတွင်  အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေသစ် စာအုပ်များနှင့် အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ကမာရွတ်မြို့နယ် အမှတ်(၃၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းအောင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိမ်းလဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက  အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းကြရန်၊ မေးသိုင်းကြိုး တပ်ကြရန်၊ ဆိုင်ကယ်နောက်ကြည့်မှန် တပ်ကြရန်၊ ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်ခြင်း မပြုရန်နှင့် ဆိုင်ကယ်ရှေ့မီးအနိမ့်အား နေ့/ည ဖွင့် မောင်းကြရန် အစရှိသည့် ဉပဒေသစ်အရ လိုက်နာရမည့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများ သိရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)