၂၂ ဇွန်
မွန်ဂိုလီးယားနိုင်ငံတွင် လာမယ့်ဗုဒ္ဓဟူးနေ့မှာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မွန်ဂိုလီးယားနိုင်ငံဟာ လူဦးရေ သုံးသန်းနေထိုင်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံကြားက ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၂,၀၀၀ တည်ဆောက်ပြီးဖြစ်ပါတယ်။ အခုရွေးကောက်ပွဲကနေ လွှတ်တော်အမတ်တွေသာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး လုပ်ပိုင်ခွင့်ရှိတဲ့ သမ္မတမပါဝင်ကြောင်း သိရပါတယ်။
ကပ်ရောဂါကြောင့် နိုင်ငံခြားမှာ သောင်တင်နေတဲ့ ပြည်သူ ၈,၀၀၀ နီးပါးကတော့ မဲပေးခွင့် မရှိကြောင်း သိရပါတယ်။ ပါလီမန် လွှတ်တော်အမတ် ၇၆ နေရာအတွက် အမတ်လောင်း ၆၀၀ နီးပါးက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မွန်ဂိုလီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူပေါင်း ၂၀၀ နီးပါးရှိပြီး သေဆုံးသူ မရှိကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများစုဟာ ရုရှားနိုင်ငံမှ ပြန်ရောက်လာသူတွေဖြစ်ပါတယ်။
MDN
ကိုးကား- AFP