စလင်း  ၂၁  ဇွန်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ငါးရစ်ငါးသန် ရာသီချိန်အတွင်း ငါးဖမ်းဆီးမှု မရှိစေရေးနှင့် ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးမှု မရှိစေရေးအတွက် စလင်းမြို့နယ် ဧရာဝတီမြစ် အတွင်း ကွင်းဆင်းစစ်ဆေးကြသည်။

 

အဆိုပါကွင်းဆင်းစစ်ဆေးစဉ် စလင်းမြို့နယ် ဆိတ်ကြီးကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တန်းပိုက် (၅) ဖောင်နှင့် မြှုံးအကြီး (၁၀) လုံးအား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်းနှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

MDN