ဆိပ်ဖြူ ၂၂ ဇွန်
မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်သည် ဆိပ်ဖြူမြို့နယ် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများမှ အသင်းသားတောင်သူများ စိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီများကို ကိုဗစ်-၁၉ ကာလအတွင်း ဈေးကွက်ရရှိစေရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်ကာ ဒေသထွက် ကြက်သွန်နီ(လတ်ကြီး) တစ်ပိဿာလျှင် ငွေကျပ်(၄၉၀)နှုန်းဖြင့် ပိဿာချိန်(၅၀၀၀) ဝယ်ယူပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိ သမဝါယမအသင်းသားများနှင့် ပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် အမြတ်အစွန်းမယူဘဲ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
MDN


