တံတားဦး ၂၂ ဇွန်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ညောင်ကန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျတ် ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာကုန်ထုတ်လမ်းကို Zarni Chit ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်လျက်ရှိရာ လမ်းအရှည်မှာ ၁ မိုင်နှင့် ၆ ဖာလုံရှိကာ လမ်းကျယ် ၁၂ ပေ၊ လမ်းအမြင့် မြေသား(၂)ပေ ဂျင်းကျောက် (၉)လက်မအပြင်  လမ်းပခုံးသား မြေဖို့ခြင်းနှင့် ရေမြောင်းတူခြင်းလုပ်ငန်းများပါဝင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ၈၇ ၆၈၀ ကျပ်သန်းဖြစ် ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်းထံမှ သိရသည်။

 

အဆိုပါလမ်း ဖောက်လုပ်ပြီးပါက ရာသီမရွေးသွားလာနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)