မြဝတီ ၂၂ ဇွန်
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၈၄၈ ဦး ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် မြဝတီ အမှတ် (၂) ချစ် ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်ရယူကာ ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။
ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြဝတီခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေလ ၁ ရက်နေ့က ၆၀ ဦး၊ ၂ ရက်နေ့က ၅၄ ဦး၊ ၃ ရက်နေ့က ၁ ဦး၊ ၄ ရက်နေ့က ၄၄ ဦး၊ ၅ ရက်နေ့က ၂၃ ဦး၊ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိပဲ ၈ ရက်နေ့က ၁၀၀ ဦး၊ ၉ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိပဲ ၁၀ ရက်နေ့တွင် ၄၄ ဦး၊ မေလ ၁၁ ရက်နေ့တွင် ၁၃ ဦး၊ မေလ ၁၂ ရက်နေ့တွင် ၄၁ ဦး၊ မေလ ၁၃ ရက်နေ့တွင် ၁၆ ဦး၊ မေလ ၁၄ ရက်နေ့တွင် ၃၈ ဦး၊ မေလ ၁၅ ရက်နေ့တွင် ၁၂၀ ဦး၊ မေလ ၁၆ ရက်နေ့တွင် ၇၆ ဦး၊ မေလ ၁၇ ရက်နေ့တွင် ၉၀ ဦး၊ ၁၈ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိပဲ ၁၉ ရက်နေ့တွင် ၆၄ ဦး၊ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိပဲ ၂၂ ရက်နေ့တွင် ၃၆ ဦး၊ မေလ ၂၃ ရက်နေ့တွင် ၆၀၄ ဦး၊ မေလ ၂၄ ရက်နေ့တွင် ၁၁၁၈ဦး၊ မေလ ၂၅ ရက်နေ့တွင် ၁၂၇၇ ဦး၊ မေလ ၂၆ ရက်နေ့တွင် ၁၃၉၄ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၁၄၃၄ ဦး၊ မေလ ၂၈ ရက်နေ့တွင် ၁၁၆၈ဦး၊ မေလ ၂၉ ရက်နေ့တွင် ၁၂၀၂ဦး၊ မေလ ၃၀ ရက်နေ့တွင် ၁၁၅၂ ဦး၊ မေလ ၃၁ ရက်နေ့တွင် ၁၅၁၁ ဦး၊ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ၁၀၄၃ ဦး၊ ဇွန်လ ၂ ရက်နေ့တွင် ၁၅၁၇ ဦး၊ ဇွန်လ ၃ ရက်နေ့တွင် ၁၅၄၇ ဦး၊ ဇွန်လ ၄ ရက်နေ့တွင် ၁၂၀၄ ဦး၊ ဇွန်လ ၅ ရက်နေ့တွင် ၁၁၉၀ ဦး၊ ဇွန်လ ၆ ရက်နေ့တွင် ၁၇၈၄ ဦး၊ ဇွန် ၇ ရက်နေ့တွင် ၁၆၃၅ ဦး၊ ဇွန် ၈ ရက်နေ့တွင် ၉၄၆ ဦး၊ ဇွန် ၉ ရက်နေ့တွင် ၁၀၉၄ ဦး၊ ဇွန်လ ၁၀ ရက်နေ့တွင် ၉၉၄ ဦး၊ ဇွန်လ ၁၁ ရက်နေ့တွင် ၆၇၀ ဦး၊ ဇွန်လ ၁၂ ရက်နေ့တွင် ၈၂၃ ဦး၊ ဇွန်လ ၁၃ ရက်နေ့တွင် ၇၇၅ ဦး၊ ဇွန်လ ၁၄ ရက်နေ့တွင် ၆၀၀ ဦး၊ ဇွန်လ ၁၅ ရက်နေ့တွင် ၅၀၆ ဦး၊ဇွန်လ ၁၆ ရက်နေ့တွင် ၆၄၄ ဦး၊ ဇွန်လ ၁၇ ရက်နေ့တွင် ၈၇၇ ဦး၊ ဇွန်လ ၁၈ ရက်နေ့တွင် ၆၉၈ ဦး၊ ဇွန်လ ၁၉ ရက်နေ့တွင် ၄၉၄ဦး၊ ဇွန်လ ၂၀ ရက်နေ့တွင် ၆၅၇ ဦး၊ ဇွန်လ ၂၁ ရက်နေ့တွင် ၆၄၂ဦး၊ ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ၈၄၈ ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၃၂၈၆၈ ဦးထိ ပြန်လည် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှအမျိုးသား ၅၁၃ ဦး၊ အမျိုး သမီး ၃၃၅ ဦး စုစုပေါင်း ၈၄၈ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


