ဆော ၂၃ ဇွန် 

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ အခြေခံပညာ စာသင်ကျောင်း (၂၁)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဆောမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း (၁၁၈)ကျောင်းရှိရာ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်းများမှာ ပေါက်ချောင်းကျေးရွာ ကိုယ်ထူကိုယ်ထကျောင်းကို မူလတန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်း၊ နတ်ကောင်းကျင်းကျေးရွာ မူလတန်းကျောင်း(ခွဲ)ကို မူလတန်းကျောင်းအဖြစ် လည်းကောင်း၊ အေးချမ်း၊ ကာကနှင့် ခူးချောင်းကျေးရွာ မူလတန်းကျောင်းများကို မူလတန်း(လွန်)ကျောင်းများအဖြစ် လည်းကောင်း၊ ငှက်ပြာကျင်း၊ ဆောလက်ပန်၊ သလယ်နှင့် သရက်ချဉ်ကျေးရွာ မူလတန်း(လွန်)ကျောင်းများကို အလယ်တန်းကျောင်း(ခွဲ)များအဖြစ် လည်းကောင်း၊ ဖျန်၊ တင့်တူ၊ သံပုရာ၊ ရင့်ရဲချောင်း၊ အနိမ့်၊ ကျောက်ဆွဲ၊ အညာပန်းမလွန်းနှင့် ရေရှင်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)များကို အလယ်တန်းကျောင်းများအဖြစ် လည်းကောင်း၊ ငလယ်ခုံ၊ ယောလက်ပန်၊ လှော်ကားနှင့် တေးကျေးရွာ အလယ်တန်းကျောင်းများကို အထက်တန်းကျောင်း(ခွဲ)များအဖြစ် လည်းကောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၁)ကျောင်းအား ကျောင်းအဆင့်တိုးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)