ပင်လောင်း ၂၃ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများအား လက်ဖက်လုပ်ငန်း အရှိန်အဟုန်မပျက် ထုတ်လုပ်နိုင်ရေးအတွက် လက်ဖက်စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း လက်ဖက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား ဇွန် ၁၅ ရက်မှ ယနေ့အထိ နန်းဟူးဘုန်းတော်ကြီး ကျောင်းတွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေအား မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ကလောဘဏ်ခွဲ) မှ မန်နေဂျာ ဒေါ်သီတာစိုးနှင့် ဝန်ထမ်းများက MPE Two Step Loan စနစ်ဖြင့် ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) အုပ်စုတို့မှ လက်ဖက်စိုက်ပျိုးသည့် တောင်သူ ၁၅ဝ၇ ဦး၏ လက်ဖက်စိုက်ဧကပေါင်း ၁၃၃ဝဝ အတွက် တစ်ဧကလျှင် ငွေကျပ် ၅ဝဝဝဝ နှုန်းဖြင့် ချေးငွေစုစုပေါင်းငွေကျပ် ၆၆၅ဝ သိန်းအား ထုတ်ချေး ပေးခဲ့ကြောင်း၊ ချေးငွေများကို ၂ဝ၂၁ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ အကြေပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


