ရန်ကုန် ၂၃ ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအား နိုင်ငံတော်မှပေးအပ်သည့် လူမှုရေးပင်စင်နှင့် ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် တာဝန်ရှိသူများက အမှတ်(၉)ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် လစဉ် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် တတိယသုံးလပတ်အတွက် ငွေကျပ် ၃၀၀၀၀ နှင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေကျပ် ၃၀၀၀၀ စုစုပေါင်း ငွေကျပ် ၆၀၀၀၀ အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)