ကျောင်းကုန်း ၂၃ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် သူများအား ယမန်နေ့ညနေ ၄ နာရီက မိုးကာအင်္ကျီများ ပေးအပ်လှူဒါန်းခဲ့သည်။

 

ကျောင်းကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများအား မိုးကာအင်္ကျီများ ဂုဏ်ပြုပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ကျောင်းကုန်းမြို့နေ ဒေါက်တာဇေယျာလင်း (နှလုံးအိမ်ဆေးကုခန်း)မှ (၁၀)ထည်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေမှ (၁၀)ထည်၊ ကိုဇော်လွင်ဦး (ရွှေလမင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး)မှ (၁၀)ထည်၊ ကိုမျိုးနိုင် (ကောက်ကြီးကုန်းရွာ)မှ (၅)ထည်၊ စုစုပေါင်း (၃၅)ထည်အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)