ဗန်းမောက် ၂၃ ဇွန်
ကိုဗစ်-၁၉ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြု လွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆပ်များပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ အသိအမှတ်ပြုဂုဏ်ပြုလွှာပေးအပ်ပွဲတွင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ လုပ်ငန်းစဉ် တွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ သည်။
ဆက်လက်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များများခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျာ်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ဦးဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)


