မြို့သစ် ၂၃ ဇွန် 

 

မကွေးခရိုင် မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ရောဂါထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း မတပ်ဆင်သူများအား အ‌ရေးယူခြင်းများကို မြို့သစ်မြို့ စည်ပင်သာယာစျေးနှင့် နွားစျေးတို့တွင် ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြသည်။

 

မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကော်မတီမှ ကြေညာချက်ထုတ်ပြန်ပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်(၁၀)ချက်မှ လူငါးဦးထက် ပိုမိုစုဝေးခြင်း၊ စျေးရောင်းစျေးဝယ်များ နှာခေါင်းစည်း များ မတပ်ဆင်ခြင်း၊ ဥပဒေကို လေးစားလိုက်နာမှုမရှိခြင်း၊ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါကလည်း နှာခေါင်းစည်းများ တပ်ဆင်မှုမရှိခြင်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးကာ အရေးယူဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ကြရန် နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ပြည်သူများအား နှာခေါင်းစည်းနှစ်ခုကို ငွေကျပ် ၂၀၀၀ ဖြင့် ဒဏ်ငွေဆောင်သည့်အနေဖြင့် ဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)