ရန်ကုန် ၂၃ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ လမ်းဘေးဈေးသည်များ စနစ်တကျရှိစေရေးနှင့် လမ်းမြေပေါ် ကျူးကျော်ဆိုင်းဘုတ်များအား ဖယ်ရှားခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး ဦးဝင်းနိုင်တို့၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်သူဟန် ဦးဆောင်ကာ ရုံးဝန်ထမ်းများသည် အောက်မင်္ဂလာဒုံလမ်းဘေး ဝဲ/ယာရှိ ဆိုင်/လုပ်ငန်းနှင့် လမ်းဘေးဈေးသည်များ စနစ်တကျရှိစေရေး စည်းကမ်းထိန်းသိမ်း ဆောင်ရွက်ခဲ့ကြပြီး လမ်းမြေပေါ် ကျူးကျော်ထားသည့် ဆိုင်းဘုတ်များ၊ ထီးအမိုးများ၊ ပစ္စည်းများကို လိုက်လံဖယ်ရှား သိမ်းဆည်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


