၂၃ ဇွန်
တိုကျို ဒစ္စနေလန်းနှင့် ဒစ္စနေစီး ကုမ္ပဏီက အပန်းဖြေဉယျာဉ်များကို ဇူလိုင် ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ဆိုသည်။
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ဖြစ်ပွားသဖြင့် တိုကျိုမြို့ အပြင်ဘက်ရှိ အပန်းဖြေ ဉယျာဉ်များကို ဖေဖော်ဝါရီ ၂၉ ရက်နေ့မှစတင်ကာ ပိတ်ထားခဲ့သည်။
ဝင်ခွင့်လက်မှတ်များကို ကြိုတင်ဝယ်ယူထားသူများသာ ယခုဝင်ခွင့်ရရှိနိုင်မည်ဟု အိုရီရန်တယ်လန်းက ယနေ့ ပြောကြားသည်။ယနေ့ ညနေ ၃ နာရီတွင် ဝင်ခွင့်လက်မှတ်များကို အွန်လိုင်းတွင် ရရှိနိုင်မည် ဖြစ်သည်။
ထိုအပန်းဖြေ ဉယျာဉ်များကို ယခုလတ်တလောတွင် မနက် ၈ နာရီမှ ညနေ ၈ နာရီထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။
စားသောက်ဆိုင်များ၊ အခြားအဆောက်အဦများသို့ လူများဝင်ရောက်ခွင့်ကို ကန့်သတ်ထားမည် ဖြစ်သည်။ အချို့နေ့ရာများကို ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။
လာရောက် လည်ပတ်မည့်သူများသည် ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ရမည် ဖြစ်ပြီး ဝင်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းတာမှုခံယူရမည် ဖြစ်သည်။
ဂျပန်နိုင်ငံရှိ အခြားသော အပန်းဖြေဉယျာဉ်များကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို