အိမ်မဲ ၂၃ ဇွန်
ယခုအချိန်ခါသည် မိုးတွင်းကာလသို့ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ နုန်းများဆယ်ယူခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ အိမ်မဲမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကြီးကြပ်၍ အထက်ပိုင်းရပ်ကွက် အနော်ရထာလမ်းနှင့် မြခွာညိုလမ်းထောင့်ရှိ ရေမြောင်းများအား တူးဖော်ခြင်း၊ နုန်းများဆယ်ယူခြင်းတို့ကို ယာဉ်စက်ယန္တရားများ အသုံးပြု၍ ရေစီးရေလာ ကောင်းမွန်ရေးအတွက် အလေးထား ဆောင်ရွက်နေကြောင်း သိရသည်။
“ယခုအချိန်အခါက မိုးတွင်းကာလ ရောက်ရှိလာတဲ့အတွက် မြို့နယ်အတွင်းလမ်းများမှာ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းတူးတာ အမှိုက်သရိုက်ဆယ်ယူတာတွေ လုပ်ဆောင်ပါတယ်။ ရေမြောင်းထဲမှာ အမှိုက်တွေပြည့်နေရင် ရေကမစီးတော့ဘဲ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့က အမိုးမကျခင်ကတည်းက မြို့နယ်အတွင်းမှာ ရေမြောင်းတူးတာတွေ လုပ်ဆောင်ထားပါတယ်။ နောက်ရက်တွေမှာလည်း အခုလို ဆောင်ရွက်မှာပါ”ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က ပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


