မင်းဘူး ၂၃ ဇွန် 

           

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ စိန်ပန်းပင်မှာ ယမန်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရုံးပေါ်သို့ သစ်ပင်ပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။

 

ယမန်နေ့ ညနေ ၅ နာရီက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မင်းဘူး-စကု ကားလမ်းဘေး မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးဝင်းအတွင်းရှိ လုံးပတ် ၃ ပေ၊ အမြင့်ပေ ၃၀ ခန့်ရှိ စိန်ပန်းပင်မှာ အဆိုပါ ရုံးဝင်းအတွင်းရှိ ရုံးအပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရှိရသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်စက်ယာဉ်ဖြင့် သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သစ်ပင်လဲကျမှုများတွင် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။

 

မောင်မောင်(မင်းဘူး)