ဟင်္သာတ ၂၃ ဇွန်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက လူစည်ကားရာ ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဘုရားလမ်းဈေး၊ ကားဂိတ်များ၊ ဈေးဆိုင်များ၊ လမ်းသွားလမ်းလာများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)


