မန္တလေး ၂၃ ဇွန်

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော အစီအစဉ်တွင် ပါဝင်သည့် ချမ်းမြစည်မြို့နယ် အတွင်းရှိ စာရေးဆရာ၊ ဆရာမများ ကာတွန်းဆရာများနှင့် ရဟန်းစာဆိုရှင်များ အပါအဝင် စုစုပေါင်း ဦးရေ (၄၈) ဦးတို့အား ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက ကျောင်းနှင့် အိမ်များသို့ တစ်ဦးလျှင် ကျပ် ၁၅၀ဝ၀ လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာ ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြသဲဖြူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စံပယ်တို့ ဦးဆောင်သည့်အဖွဲ့မှ မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြသရဖူကျောင်းတိုက်၊ (ဦးသန်းစိုးအောင်) ရဟန်းစာဆိုရှင် ဆရာတော် ရွှေသုဝဏ်အား ထောက်ပံ့ငွေပေးအပ်ကြောင်း သိရှိရသည်။ အလားတူ ဇွန် ၂၂ ရက်ကလည်း စာရေးဆရာများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျန်စာရေးဆရာ၊ ကာတွန်းဆရာများနှင့် ရဟန်းစာဆိုရှင်များကိုလည်း လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)