၂၃ ဇွန်
အိန္ဒိယနိုင်ငံက လိင်အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်များ နေထိုင်ရာ ဂေဟာမှာ ကပ်ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက တနင်္လာနေ့က ပြောကြားပါတယ်။
အဲဒီဂေဟာကို အစိုးရက တာဝန်ယူ ဖွင့်လှစ်ထားတာဖြစ်ပြီး အမျိုးသမီးငယ်ပေါင်း ၁၇၁ ဦးနေထိုင်ရာ လူ ၆၀ နီးပါးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။
ဉတြာပရာဒတ်ချ် ပြည်နယ် ကန်ပူးမှာရှိတဲ့ စောင့်ရှောက်ရေး ဂေဟာမှ တာဝန်ရှိသူ အာဂျက် ကုမား က မိန်းကလေးငယ် ၅၇ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း၊ အဲဒီထဲက ၇ ဦးဟာ ကိုယ်ဝန်ဆောင်တွေဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ မိန်းကလေးတွေကို ဆေးရုံကို ပို့ဆောင်အပြီး ကျန်ရှိ မိန်းကလေးငယ်တွေနဲ့ ဝန်ထမ်းတွေဟာ စောင့်ကြည့်မှုအောက်မှာ ရှိနေကြောင်း ပြောပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးနဲ့ ဂေဟာတို့ပူးပေါင်းပြီး ဗိုင်းရပ်စ်ပိုးပျံ့ပွားရာ လမ်းကြောင်းကိုလည်း စစ်ဆေးနေကြောင်း အာဂျက်ကုမားက ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီနဲ့ စီးပွားရေး အချက်အချာကျတဲ့ မွမ်ဘိုင်းမြို့တွေ အပါအဝင် နိုင်ငံရဲ့ လူဦးရေထူထပ်တဲ့ မြို့တွေထဲမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူများ နေတဲ့အတွက် ဆေးရုံမှာ ခုတင်မဆံ့တာမျိုးနဲ့ ကြုံတွေ့နေရပါတယ်။
အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၄၁,ဝ၇၀ ဦးရှိပြီး သေဆုံးသူ ၁၄,ဝ၁၉ ဦးရှိကြောင်း ဇွန် ၂၃ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြန်လည်ကျန်းမာလာသူ ၂၄၈,၂၈၆ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MDN
ကိုးကား - AFP