ဂန့်ဂေါ ၂၃ ဇွန်
စားသုံးသူ ဘေးကင်းလုံခြုံ စိတ်ချမှုရှိစေရေး ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဂန့်ဂေါခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ယနေ့နံနက်တွင် ဂန့်ဂေါမြို့ မြို့မရပ်ကွက်ရှိ ကြိုးကြာသိန်း မုန့်တိုက်တွင် ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါအဖွဲ့သည် ကိတ်မုန့် ၊ ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းခွင်သို့လည်းကောင်း၊ သုံးစွဲသည့် ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်အမှတ်တံဆိပ်ကိုလည်းကောင်း စစ်ဆေးကြည့်ရှုကြပြီး ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေး၊ စံချိန်စံညွှန်း ကိုက်ညီသော ကုန်ပစ္စည်းပစ္စည်းများကိုသာ သုံးစွဲရေးတို့ကို ဆွေးနွေးကြခဲ့ကြောင်း သိရသည်။
တောင်သားမောင်သန်း


