နေပြည်တော် ဇွန် ၂၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ် ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Great Patriotic War (1941-1945) အောင်နိုင်မှု (၇၅)နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့တက်ရောက်ရန် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI) ဖြင့် ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Nikolay A. Listopadov၊ စစ်သံမှူး Colonel Eduard OKLADNIKOV နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါသွားကြကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အခက်အခဲ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ မိသားစုဝင် ၁၉ ဦးကိုလည်း တစ်ပါတည်းခေါ် ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


