၂၄ ဇွန်
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ရက်ပေါင်း ၁၀ဝ ခန့် ပိတ်ထားခဲ့ပြီး ဇွန် ၂၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။
သတင်းသမားများကို အင်္ဂါနေ့က လာရောက်လည်ပတ်သူများအား ရောဂါကူးစက်မှုမှ ကာကွယ်ရန် ကျန်းမာရေးဆိုင်ရာ အစီအမံ အသစ်များကို ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။
မျှော်စင်သို့ လာရောက်သူ အရေအတွက်ကို ပုံမှန်အဆင့်၏ ထက်ဝက်သာ ကန့်သတ်ထားမည်ဖြစ်ပြီး အသက် ၁၁ နှစ်နှင့်အထက်ကို ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ရန် လိုအပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြင်သစ်အစိုးရသည် အပျော်ခရီးထွက်ခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ပြီးခဲ့သည့်လမှ စတင်ကာ ဖြေလျှော့မှု များပြုလုပ်ပေးခဲ့သည်။
အီဖယ်မျှော်စင် ပြန်လည်ဖွင့်လှစ်ခြင်းသည် နွေရာသီ အားလပ်ရက် မတိုင်မီ ခရီးသွားလုပ်ငန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ပဲရစ်မြို့၏ အခြားအထင်ကရ နေရာတစ်ခုဖြစ်သော လိုဗာပြတိုက်ကို ဇူလိုင် ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။
ဗာဆိုင်းနန်းတော်ကို အများပြည်သူများအတွက် ပြန်လည်ဖွင့်လှစ်ပေးပြီး ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို