ရန်ကုန် ၂၄ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်အတွင်းရှိ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)အား ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားချိန်မှစ၍ ယာယီပိတ်ထားခဲ့ရာမှ ပြန်လည်မဖွင့်လှစ်မီတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်စေရန် ဥယျာဥ်ဝင်းအတွင်းရှိ အဆောက်အဦများ၊ လမ်းများနှင့် ပြည်သူများနှင့် ထိတွေ့ကိုင်တွယ်မှု များပြားနိုင်သည့် အရာဝတ္ထုများအား ပိုးသတ်ဆေးဖျန်းခြင်းတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်ဦးစီးဌာန၊ တာမွေမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာနတို့မှ သန္ဓေတပ်ဖွဲ့ဝင် (၃၉) ဦးတို့က ဆေးဖျန်းယာဥ် (၁)စီး၊ ဆေးဖျန်းစက် LUF Micro (၁)စီး၊ LUF 60 (၁)စီးနှင့် မီးငြှိမ်းသတ်ယာဥ် (၂)စီးတို့ကို အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)


