ပုသိမ် ၂၄ ဇွန်
ပုသိမ်မြို့အတွင်းရှိ ရပ်ကွက်များသို့ ရေဖြန့်ဝေပေးနိုင်ရန်အတွက် လမ်းများကိုတူးဖော်ပြီး ရေပိုက်လိုင်းများချခြင်း လုပ်ဆောင်ခဲ့ရာ ပျက်စီးသွားသော လမ်းများ၏ (၇၀%) ရာခိုင်နှုန်းကို တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးနိုင်ရန်အတွက် ရန်ပုံငွေ တောင်းခံထားကြောင်း သိရသည်။
ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းကို JICA ၏ ODA Loan ချေးငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။ အဆိုပါ စီမံကိန်းပြီးသွားစီးသွားပါက ပုသိမ်မြို့တွင်းရေ ဂါလန်ပေါင်း ၄၅၀၀၀၀၀ ဖြန့်ဝေပေးနိုင်ပြီး လူဦးရေ ၁၅၂၂၀၀ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
#MRTV


