ရန်ကုန် ၂၄ ဇွန်

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်းကြောင့် ထွက်ရှိလာသည့် သီးနှံတွေကို နိုင်ငံတကာမှာရှိသည့် မြန်မာသံရုံးတွေကနေတစ်ဆင့် ဈေးကွက်ကြိုရှာနိုင်ခဲ့သည့်အတွက် စင်ကာပူ၊ ဒူဘိုင်း၊ အစ္စရေး၊ ဆားဗီးယား၊ သီရိလင်္ကာ စသည့် (၅)နိုင်ငံကို ဈေးကွက်အသစ် ထပ်မံရှာဖွေရရှိနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒေါက်တာ သက်လွင်ဦး (မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၊ တာဝန်ခံ)ပြောပြချက်အရ သိရှိရသည်။

 

အရင်နှစ်တွေက ဖရဲ၊ သခွားတန်ချိန် (၈)သိန်းခွဲနှင့် သရက်သီးတန်ချိန် (၄)သောင်းခန့် တရုတ်နိုင်ငံ ဘက်ကို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခု ကာလအတွင်းတွင် တစ်ခြားဈေးကွက်ကို မနှစ်က စံချိန်မီအောင် တင်ပို့ရန် ကုန်သည်တွေအတွက် ကြီးမားသည့် ရိုက်ခတ်မှုဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် သီးနှံတွေကို စိုက်ခင်းကနေခူးပြီး တိုက်ရိုက်ရောင်းချသည့် စနစ်ကနေ Logistic ပုံစံပြောင်းပြီး တင်ပို့နိုင်အောင် ကြိုးစားနေကြောင်း သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းမှ သတင်းရရှိသည်။

 

#MRTV