၂၄ ဇွန်
ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၅၀၇၆၇ ဦး ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၅၀၅ ဦး ရှိကြောင်း ယမန်နေ့က သတင်းဖော်ပြထားသည်။
တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၃၈၀၄ ဦး ရှိပြီး ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ သုံးဦးရှိသည်။
လက်ရှိ ရောဂါကူးစက်ခံရမှု ၃၅၆၉၂ ရှိပြီး အသက်ရှူ အထောက်အကူပြု ကိရိယာ တပ်ထားသူ ၁၇၂၀ အပါအဝင် ၂၀ဝ၉ ဦးကို အထူးကြပ်မတ်ဆောင်တွင် ထားရှိသည်။ ၎င်းတို့အနက် ၃၉၂ ဦးမှာ အခြေအနေ စိုးရိမ်ရသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၄ နာရီက ၁၂၇၀၇ ဦးကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး မတ်လမှစတင်ကာ စမ်းသပ်စစ်ဆေးမှုပေါင်း ၉၉၅၀၆၀ လုပ်ဆောင်ပြီး ဖြစ်သည်။
ရောဂါကူးစက်မှုများ ဖြစ်ပွားရာဗဟိုချက်ဖြစ်သော မြို့တော် စန်တီယာဂိုနှင့် မက်ထရိုပိုလစ်တန်ဒေသနှင့် အိုဟစ်ဂင်၊ အန်တိုဖဂတ်စတာ၊ တာရာပါကာ၊ နူဘယ် ဒေသတို့တွင် ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည်ဟု ကျန်းမာရေးဝန်ကြီး အန်ရီကွီ ပါရစ် ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို