၂၄ ဇွန်

 

 

နယူးဇီလန်နိုင်ငံတွင် ဇွန် ၂၄ ရက်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ တစ်ဦးထပ်မံ တွေ့ရှိသဖြင့် ကူးစက်ခံရသူ စုစုပေါင်း ၁၁ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ် တွေ့ရှိရသူမှာ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဇွန် ၁၈ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ ၎င်းသည် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်ပို့သည့် လေယာဉ်ဖြင့် ပြန်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် အာရှလေ ဘလွန်းဖီး က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

ရောဂါလက္ခဏာ မပြသူများထံမှ လူအုပ်စုထဲရှိ မည်သူမဆို ရောဂါကူးစက်မှုများ ရှိသဖြင့် အစိုးရက ဧပြီ ၉ ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သီးခြားကန့်သတ်ထားသော အဆောက်အဦများတွင် လူပေါင်း၂၀ဝ၀ဝ ကျော် နေထိုင်ရန် စီမံခဲ့သည်။

 

 

သီးခြား ကန့်သတ်ထားသည့် အဆောက်အဦများမှ မထွက်ခွာမီနှင့် လူအုပ်စုထဲသို့ မသွားရောက်မီ ကိုဗစ်-၁၉ ရောဂါပိုး ပြန်လည်စစ်ဆေးမှုပြုရမည် ဖြစ်သည်။

 

 

နယူးဇီလန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁ ဦးအနက် ၁၀ ဦးမှာ အော့ကလန်တွင် ဖြစ်ပြီး အခြားတစ်ဦးမှာ ဝဲလ်လင်တန်တွင် ဖြစ်သည်။

 

 

ကိုဗစ်-၁၉ နှင့် ဆက်စပ်သေဆုံးသူ ၂၂ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို