ဇွန် ၂၄

 

ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက် ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ကြက်/ဘဲ/ငုံးခြံများတွင် အဆိုပါ ရောဂါကူးစက်ကျရောက်ခြင်း မရှိ စေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ ကြက်ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိ ပေးနှိုးဆော်အပ်ပါသည်-

 

(က)     ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

(ခ)     ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ၊ ငုံးအရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ)     အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူနှင့် ယာဉ် အဝင်/အထွက် ထိန်းချုပ်ရန်၊

(ဃ)     ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်းအပူချိန်၊ စိုထိုင်းဆ၊ လေဝင်/လေထွက် ကောင်းမွန် စေရေးဆောင်ရွက်ရန်၊

(င)     မွေးမြူရေးခြံအတွင်းသို့ ဝင်ရောက်ပါက နှာခေါင်းစည်း၊ လက်အိတ် စသည့် အကာ အကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊

(စ)     ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်းနှင့် ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများမှ ထွက်သည့် အခါ တိုင်းဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊

(ဆ)     အသားနှင့် ဥတို့ကို သေချာစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးရန်၊

(ဇ)     ကြက်၊ ငှက်များပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန်၊

(ဈ)     ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

           

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန