၂၄ ဇွန်
စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်ရန်းဟာ အတိုက်ခံပါတီ Progress Singapore Party (PSP) ရဲ့ ပါတီဝင်ကတ်ပြားကို ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ လက်ခံလိုက်ကြောင်း သိရပါတယ်။
ဇူလိုင် (၁၀) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် မနေ့က လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ရာ အလုပ်သမား တန်းလျားတွေမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခဲ့တဲ့အတွက် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် ရုန်းကန်နေရချိန်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အတိုက်အခံပါတီ PSP ရဲ့ ခေါင်းဆောင် တန်ချန်းဘော့ခ်နဲ့ လီရှန်ရန်းတို့ဟာ ဒီနေ့နံနက်က နံနက်စာအတူ အစားပြီး လီရှန်ရန်းက ပါတီဝင် လက်မှတ်ကို ပြည်သူလူထုရှေ့မှာ လက်ခံခဲ့တာ ဖြစ်ပါတယ်။ လီရှန်ရန်းက သူဟာ PSP ပါတီကို ဝင်ရောက်ရခြင်းမှာ ပါတီခေါင်းဆောင် တန်ဟာ စင်ကာပူနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အကောင်းဆုံး လုပ်နေတယ်။ တန်ဟာနိုင်ငံကို ချစ်တဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။
တန်ချန်းဘော့ခ်ကလည်း လီရှန်ရန်းဟာ သာမန်သူ မဟုတ်ဘူး။ စင်ကာပူနိုင်ငံ တည်ထောင်သူရဲ့ သားဖြစ်တယ်။ အဲဒါကလည်း သိပ်ကို အရေးကြီးပါတယ်လို့ ပြောပါတယ်။
အသက်(၆၂)နှစ်အရွယ် လီရှန်ရန်းဟာ ဝန်ကြီးချုပ် လီရှန်လုံးရဲ့ ညီဖြစ်ပြီး လီရှန်လုံးဟာ ဖခင်ရဲ့အမွေကို လက်ဝါးကြီး အုပ်ထားလို့ စွပ်စွဲထားပါတယ်။ လီရှန်လုံးနဲ့ လီရှန်ရန်းတို့ရဲ့ ဖခင် လီကွန်ယုဟာ စင်ကာပူနိုင်ငံ တည်ထောင်သူ ဖြစ်ပါတယ်။
PSP ပါတီဟာ ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်နဲ့ချီပြီး အာဏာရထားတဲ့ ဝန်ကြီးချုပ် လီရှန်လုံးရဲ့ PAP ပါတီကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ကြောင်း၊ ဒါပေမယ့် PSP ပါတီကနေ မဲတစ်ချို့ကိုတော့ ရယူသွားနိုင်ကြောင်း လေ့လာနေသူက ခန့်မှန်းထားပါတယ်။
MDN
ကိုးကား - AFP