မကွေး  ၂၄  ဇွန်

           

တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်သည် မကွေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်၊ ဆိပ်ဖြူမြို့နယ် သမဝါယမအသင်းစုတို့နှင့် ချိတ်ဆက်ညှိနှိုင်း၍ ဆိပ်ဖြူမြို့နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီများကို (လတ်ကြီး/လတ်သန့်) တစ်ပိဿာလျှင် ငွေကျပ်(၄၉၀)နှုန်းဖြင့် ပိဿာ(၆၀၀၀)ဝယ်ယူ၍ တနင်္သာရီတိုင်းဒေသကြီးရှိ သမဝါယမအသင်းသားနှင့် ပြည်သူများအား အမြတ်အစွန်းမယူဘဲ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

MDN