ရောဂါပိုးရှိသူ စုစုပေါင်း ၂၉၃ ရှိသွားပြီ
နေပြည်တော် ဇွန် ၂၄
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ တစ်ဦးထပ်မံတွေ့ရှိသဖြင့် ရောဂါပိုး ရှိသူ စုစုပေါင်း ၂၉၃ ရှိသွားပြီ ဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူ တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ဖြစ်ကြောင်း ၊ ရောဂါပိုး တွေ့ရှိသူ ၂၉၃ အနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၂၀၈ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၉၃ ဦး ရှိကြောင်းနှင့် ဇွန် ၂၃ ရက် နေ့လယ် ၁၂ နာရီမှ ဇွန် ၂၄ နေ့လယ် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သတင်းစဉ်