မြန်မာနိုင်ငံ၏ စီးပွားရေးလောကကိုကြည့်လျှင် အများပြည်သူတို့သည် သမားရိုးကျ စီးပွားရေးလုပ်ငန်းများအား အများအားဖြင့် လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် စဉ်ဆက်မပြတ် ပြောင်းလဲ နေပြီး ယနေ့နှင့်မနက်ဖြန်သည်ပင် လုံးဝမတူ ကွဲပြားပေသည်။ ပြောင်းလဲ နေသော ကမ္ဘာကြီးတွင် မိမိတို့အားလုံးလိုက်ပါစီးမျော ပြောင်းလဲ လုပ်ကိုင်မှသာ တိုးတက်အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်-၁၉ နှင့် ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်လက်တွေ့အခြေအနေများကို ဇွန်လ ၂၃ရက်နေ့က အပြန်အလှန်ဆွေးနွေးခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ယခု အခြေအနေတွင် စိန်ခေါ်မှုကြီးသည်နှင့်အမျှ စဉ်းစားစရာများလည်း များလာပါကြောင်း၊ လိုအပ်ချက်သည် တီထွင်ခြင်း၏ မိခင်ဖြစ်သည်ဆိုသည့် | စကားအရ လိုအပ်လာသည့် ဆန်းသစ်တီထွင်နိုင်သည့် မိမိတို့ ဦးနှောက်မှ ပို၍အလုပ်လုပ်လာပါကြောင်း၊ ဆန်းသစ်ရမည်၊ တီထွင်ရမည်။ ရှိပြီးသား အရင်းအမြစ်များကို မည်သို့ပိုပြီး တန်ဖိုးရှိအောင် မိမိအတွက်၊ ကမ္ဘာအတွက်ပါ စဉ်းစားရမည်ဖြစ်ပါကြောင်း" ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများ ကျန်းမာရေးနှင့် ကိုက်ညီအောင် လုံလောက်သည့် ရိက္ခာ " ထုတ်လုပ်နိုင်သည့် အနေအထားရှိသည်။ မြန်မာနိုင်ငံသည် အခွင့်အရေးနှင့် အားသာချက်များစွာရှိသလို စိန်ခေါ်မှုများစွာလည်းရှိသည်။ ယင်းကို သေချာစွာလေ့လာသုံးသပ်၍ ထုတ်ကုန်ပစ္စည်းများကို အဆင့်မြှင့်တင် တီထွင်ထုတ်လုပ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးကုန် ဖူလုံသော်လည်း စီးပွားဖွံ့ဖြိုးရေးအတွက် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရေးကို အလေးထားဆောင်ရွက်နေရသည်။ ထို့ကြောင့် မိရိုးဖလာ လုပ်ကိုင်ဆောင်ရွက်ရုံ၊ ပြည်ပဈေးကွက်တစ်ခု၊ နှစ်ခု ရှိရုံမျှဖြင့် အားကိုး၍ ရမည်မဟုတ်ပဲ မိမိတို့ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတို့ကိုတန်ဖိုးများလည်း မြှင့်တင်၊ ဈေးကွက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင် ဖွင့်လှစ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ကူးသန်းရောင်းဝယ်ခြင်းဆိုသည်မှာ စတင်စိုက်ပျိုးထုတ်လုပ်သည် အစ သယ်ယူပို့ဆောင်ရောင်းဝယ်ခြင်းအလယ် စားသုံးသူများလက်ဝယ် အဆုံး စသည့်ကွင်းဆက်တစ်ခုလုံး လွှမ်းခြုံပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များကိုတရုတ်နိုင်ငံအား အဓိကအားထားရောင်းဝယ်ဖောက်ရသည်။ ကိုဗစ်-၁၉ ဖြစ်မှသာမက ကိုဗစ်-၁၉ မဖြစ်မီကတည်း ကဈေးကွက်တစ်ခုတည်းကိုသာအားကိုးနေရသဖြင့် အရောင်းအဝယ်ဘက် တွင် စိန်ခေါ်မှုအခက်အခဲများရှိနေခဲ့သည်။ တရုတ်နိုင်ငံနယ်စပ် အရောင်း အဝယ် ဆိုင်းသွားသောအခါ ထိုင်းနိုင်ငံဘက်သို့ လှည့်ရောင်းရသဖြင့် အနည်းငယ်သက်သာရသည်။
စိုက်ပျိုးရေးထုတ်ကုန်ဘက်တွင် ရည်နှစ်နာမှုများရှိလာသည်မှာ ဈေးကွက်ချဲ့ထွင်နိုင်မည့် ဆန်းသစ်တီထွင်မှုများအားနည်းပြီး မိရိုးဖလာ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့်ဟု ဆိုချင်သည်။ မိရိုးဖလာလုပ်ငန်းမှ တဖြည်းဖြည်း ခေတ်နှင့်အညီ လိုက်လျောညီရှိရန် စီမံအုပ်ချုပ်လုပ်ကိုင် နိုင်ရန်နှင့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လောလောဆယ် တွင် အခက်အခဲများရှိနေမည်ဖြစ်သော်လည်း နောင်အရှည်တွင် လုပ်ငန်း များကို စနစ်တကျစီမံဆောင်ရွက်လာခြင်းအားဖြင့် ကူးသန်းရောင်းဝယ်မှု ဈေးကွက်တစ်ခုလုံးကိုလွှမ်းခြုံနိုင်ကာ Supply Chain တိုးတက်မှုကို များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။
ထို့ကြောင့် ထုတ်ကုန်ပစ္စည်းများကိုထုတ်လုပ်ရာတွင် မိမိနိုင်ငံ ဈေးကွက်အပြင် ပြည်ပဈေးကွက်များတွင်လည်း ဈေးကွက်ဝင်အောင် မည်သည့်ထွက်ကုန်ပစ္စည်းများ ဈေးကွက်ကောင်းသည်ကို ဦးတည်ရမည် ဖြစ်သည်။ ယခုအချိန် ကိုဗစ်-၁၉ ကိုရင်ဆိုင်နေရသောကာလတွင် ဈေးကွက် ခိုင်ခိုင်မာမာရရှိထားနိုင်ရန် အခွင့်အရေးများ ရှိနေသောအခါ၌ မိမိတို့၏ ထုတ်ကုန်များကို တီထွင်ဆန်းသစ် ပြောင်းလဲအဆင့်မြှင့်တင် ထုတ်လုပ် ခြင်းဖြင့် ဈေးကွက်ဝေစုကို ကျယ်ကျယ်ပြန့်ပြန့် ရယူထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှာကြားသည့် အတိုင်း မြန်မာနိုင်ငံ၏ထုတ်ကုန်ပစ္စည်းများကို ဆန်းသစ်ရမည်၊ တီထွင်ရ မည်၊ ရှိပြီးသားအရင်းအမြစ်များကို မည်သို့ပိုပြီး တန်ဖိုးရှိအောင် မိမိတို့ အတွက် ကမ္ဘာ့နိုင်ငံများအတွက်ပါ ထည့်သွင်းစဉ်းစား၍ ပြောင်းလဲမြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွား၊ နိုင်ငံတော်၏ ဘတ်ဂျက်ဝင်ငွေတိုးပွားအောင် အစဉ်ကြိုးစား အားထုတ် ကြရမည်ဖြစ်ပါကြောင်း။