ပုလော ၂၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Solar Mini-Grid ကျေးရွာများအတွက် Smart Power Myanmar မှ လှူဒါန်းသည့် ကိုဗစ်−၁၉ ကာကွယ်ရေး ပစ္စည်းများကို ဇွန် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်က သွားရောက် လှူဒါန်းပေးခဲ့သည်။
ပုလောမြို့နယ်၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အသေးစားဓာတ်အားလိုင်း Solar Mini-Grid (CFP-1,2&3) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ (၇) ရွာအတွက် ကိုဗစ်−၁၉ ကာကွယ်ရေး ပစ္စည်းများဖြစ်သော PPE ဝတ်စုံ (၂၁) စုံ, Goole for PPE (၂၁) ခု , Mark အခု (၂၀) ပါ (၁၇၅) ထုပ်, Gloves Of PPE အခု (၁၀၀) ပါ (၇) ဘူး၊ Handgel (500)ml (၄၂) ဘူးကို ခန္တီကျေးရွာ၊ တောင်ခေါင်းလောင်းကျေးရွာ၊ ကုလားမခေါင်းကျေးရွာ၊ ပြင်ကြီးကျေးရွာ၊ လယ်ဖက်ကျေးရွာ၊ ကံမော်ကြီးကျေးရွာနှင့် ကျောက္ကာကျေးရွာများသို့ သွားရောက် လှူဒါန်းပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး ပစ္စည်းကို သွားရောက်ဖြန့်ဝေရာ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကို က Solar Mini-Grid ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ မီးလင်းရေး ကော်မတီဝင်များနှင့် တွေဆုံ၍ မြေပြင်လုပ်ငန်း လည်ပတ်မှုနှင့် ပြင်ဆင်ထိန်းသိမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထူးဝေယံ(ပြန်/ဆက်)


