နမ္မတူ ၂၅ ဇွန်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးချုပ်မှထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်များ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါး ဆိုသည်မှာ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်ဖို့လို စသည့် အကြောင်းအရာများ ပါဝင်သော အသိပညာပေး သတင်းစကားလက်ကမ်းစာစောင် စောင်ရေ(၅၀ဝ)ကို အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေး၊ ယာယီပျံကျဈေး၊ ကားဂိတ်နှင့် လက္ဘက်ရည်ဆိုင် တို့တွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


