၂၅ ဇွန်

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် နေ့စဉ် သေဆုံးမှု ၁၁၈၅ ရှိပြီး သေဆုံးသူ ၅၃၈၃၀ ထိ မြင့်တက်လာသည်။

 

တစ်ရက်အတွင်း ရောဂါကူးစက်ခံရမှု ၄၂၇၂၅ ရှိပြီး ကူးစက်ခံရသူပေါင်း ၁၁၈၈၆၃၁ ဦး ရှိလာသည်ဟု ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ၎င်း၏နေ့စဉ်ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

ရောဂါကူးစက်မှု ၅၃၀၀၀ ကျော် တွေ့ရှိခဲ့သည့် သောကြာနေ့သည် ကူးစက်မှု စံချိန်တင်ခဲ့ပြီး ကူးစက်မှုအရေအတွက်ဒုတိယအများဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။

 

ဗုဒ္ဓဟူးနေ့ကိုလည်း ကူးစက်ခံရမှုကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့သည့် သုံးရက်ဆက်တိုက်မြောက်နေ့အဖြစ် လည်း သတ်မှတ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ နေ့စဉ် ကူးစက်ခံရမှု ၉၃၄၇ ရှိသော ဆောပိုလို ပြည်နယ်သည် ဘရာဇီးနိုင်ငံ၏ ကူးစက်မှုအများဆုံးဖြစ်ပွားရာနေရာဖြစ်ပြီး ကူးစက်ခံရမှုများ ဆက်လက်ဖြစ်ပွားနေသည်။

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာနိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့်သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို