ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြှင့်တက်နေသည့် ပြည်နယ်များမှ လာသည့် လူများအား ၁၄ရက်ကြာ သီးခြားခွဲနေရန် တိုက်တွန်းမည်ဖြစ်ကြောင်း နယူးယောက်ခ်အုပ်ချုပ်ရေးမှူးများနှင့် အိမ်နီးချင်း အမေရိကန်ပြည်နယ်နှစ်ခုက ကြေငြာခဲ့သည်။
မေလနှောင်းပိုင်းမှစပြီး အမေရိကန်ပြည်နယ်တောင်ပိုင်းနှင့် အနောက်ပိုင်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရောဂါကူးစက်မှုနှုန်းမှာ ပြန်လည်မြှင့်တက်လာခဲ့သည်။
ဖလော်ရီဒါ၊ တက္ကဆက်နှင့် အရီဇိုးနားပြည်နယ်တို့တွင် နေ့စဉ် ကူးစက်မှုနှုန်းမှာ ၃၀၀၀ မှ ၅၀၀၀ ကြား ရှိသည်။
ရောဂါကူးစက်မှုနှုန်းမြင့်မားသော ပြည်နယ်များမှလာသူများအတွက် ခရီးသွားလာခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်ကို ဗုဒ္ဓဟူးနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နယူးယောက်ခ်အုပ်ချုပ်ရေးမှူး အင်ဒရူး ကူမိုနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ ပူးတွဲ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
ဖလော်ရီဒါ၊ တက္ကဆက်နှင့် အရီဇိုးနားပြည်နယ်အပါအဝင် ပြည်နယ်ကိုးခုမှ လာရောက်သူများကို ၎င်းတို့က ရည်ညွှန်းခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းများကို မကြာမီပြန်လည်စတင်ခဲ့ပြီး ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းသည် စီးပွားရေးကိုထိခိုက်စေကြောင်း ကူမိုက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းရန်အတွက် အလွန်ကြိုးစားနေရကြောင်း လူအများသည် ပြည်နယ်များသို့ ခရီးသွားလာသဖြင့် ကူးစက်မှုနှုန်း ထပ်မံမြှင့်တက်လာမည်ကို မမြင်လိုပါကြောင်းနှင့် လူအများသည် ခရီးသွားလာရာမှ ၎င်းတို့နှင့်အတူ ဗိုင်းရပ်စ်ပါလာခြင်းဖြစ်ကြောင်း ကူမိုက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက