ကျောက်ထု ၂၅ ဇွန်
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ပန်းဆန်ကျေးရွာရှိ ဥယျာဉ်ခြံမြေတွင် မေမြို့ပန်းများစိုက်ပျိုးပြီး ဈေးကွက်အတွင်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုအခါကျောက်ထုဈေးကွက်တွင် မေမြို့ပန်းတစ်ခက်လျှင် တစ်ရာကျပ်ခန့် ရောင်းချရကြောင်း ပန်ရောင်းချသူတစ်ဦးက ပြောကြားသည်။
အဆိုပါမေမြို့ပန်းများကို ကျောက်ထုဒေသတွင်သာမက မင်းတပ်မြို့သို့ကိုပါ တင်ပို့ရာ ရောင်းကောင်းလျက်ရှိပြီး ပျိုးပင်များကိုလည်း နှစ်စဉ်စိုက်ပျိုးနိုင်ကြရန် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ခြံပိုင်ရှင် ဦးကျင်သိန်း၏ ပြောပြချက်အရသိရှိရသည်။
ကျောက်ထုဒေသတွင် ယခင်ကမေမြို့ပန်းများကို မန္တလေးမြို့မှ တင်ပို့ရောင်ချခဲ့ပြီး ယခုအခါ ဒေသတွင်းစိုက်ပျိုးခြင်းအားဖြင့် လတ်ဆတ်သည့်ပန်းများရရှိသည့်အပြင် ဒေသတွင်းတောင်သူများအဖို့ ဝင်ငွေအပိုရရှိကြောင်း သိရှိရသည်။
အေးလင်း၊ကျောက်ထုပြန်/ဆက်


