ဗန်းမော် ၂၅ ဇွန်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မန်နောင်သစ်သားတံတားသည် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာပိန်မြစ်ရေ အရှိန်အဟုန်ဖြင့် စီးဆင်းမှုကြောင့် ဇွန် ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်က ပြိုကျပျက်စီးပြီး တာပိန်မြစ်ထဲသို့ မျောပါသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ သစ်သားတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၄၀ ဒသမ ၃၃ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ချောင်းရေ တိုက်စား၍ ပျက်စီးခဲ့သည်။
အဆိုပါတံတား ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အသစ်တည်ဆောက်ခဲ့ရာ မေ ၂၄ ရက်နေ့က တာပိန် မြစ်ရေအရှိန်အဟုန်ဖြင့်စီးဆင်းခဲ့မှုကြောင့် ပျက်စီးဆုံးရုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆီမီးခုံ-နန်းရီ


