တနိုင်း ၂၅ ဇွန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ နေရပ်ပြန်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Facility Quarantine သီးသန့်နေထိုင် စောင့်ကြည်မှုများကို ပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် သီးသန့်နေထိုင် စောင့်ကြည့်မှု (၂၁) ရက်ပြည့်ပြီးသော နေရပ်ပြန်ပြည်သူ(၂)ဦးတို့အား မိမိတို့၏ နေအိမ်များသို့ ပြန်ခွင့်ပေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့ ကင်ဆားရာရပ်ကွက် မနောကွင်း ဟူးကောင်းဂင်ဒိုင်ခန်းမ၌ Quarantine Centre တွင် နေရပ်ပြန်ပြည်သူ(၁၁)ဦးအနက်မှ သီးသန့်နေထိုင်စောင့်ကြည့်မှု(၂၁)ရက်ပြည့်ပြီးသူ (၂)ဦးတို့အား မြို့နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သီးသန့် စောင့်ကြည့်ရေးစခန်း၌ နေထိုင်ခဲ့ပြီးကြောင်း ထောက်ခံချက်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်တွင်(၇)ရက်ကြာ သီးသန့်နေထိုင်ရန်နှင့် ကျန်းမာရေးအသိပညာပေးစကားများ ပြောကြားပေးခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


