ဒါကာ  ၂၅ ဇွန်

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းတွင် အခက်အခဲများ ရင်ဆိုင်နေကြရသော မြန်မာသင်္ဘောသား (၁၂) ဦး၊ စစ်တကောင်းရှိ Asian University for Women – Chittagong မှ တက္ကသိုလ်ကျောင်းသူ (၁) ဦးနှင့် ဒါကာမြို့ရောက် မြန်မာနိုင်ငံသား (၂) ဦး - စုစုပေါင်း (၁၅) ဦးတို့အား ကမ္ဘောဇလေကြောင်းလိုင်းမှ အထူးလေယာဉ် (လေကြောင်းပျံသန်း အမှတ်- K7/805) ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

 

အထူးလေယာဉ်သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ဒါကာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ထွက်ခွာ သွားခဲ့ပြီး၊ ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ လိုက်ပါပို့ဆောင်ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းစဉ်