ဝက်လက် ၂၆ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် သဖန်းဆိပ်ဆည်ရေ လျော့နည်းမှုကြောင့် စပါးစိုက်ပျိုးမှု ကျဆင်းမှုမရှိစေ ရေးအတွက် မိုးစပါးအခြောက်ပျိုးထောင်နည်းစနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးစပါးအခြောက်ပျိုးထားခြင်းကို မူးကြီးကျေးရွာရှိ တောင်သူ ဦးမှတ်တင်နေအိမ်တွင် ယနေ့ နံနက် ၇ နာရီက ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းကာ အခြောက်ပျိုးထောင်နည်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆာင်ရွက်ရာတွင် ဧရာမင်း (၂)ဧကစိုက်ပျိုးရန်အတွက် ဧရာမင်းမျိုးညှောင့် (၂)တင်းကို နွားချေး၊ စက်ဖွဲပြာတို့ဖြင့် မြေဆွေးပြုလုပ်ထားသော အလျား (၁၅) ပေ၊ အနံ (၅) ပေခွဲ၊ ထု (၆) လက်မရှိသော ပျိုးဘောင် (၇)ဘောင်ပေါ်တွင် အခြောက်ပျိုးထောင်နည်းစနစ်ခြင့် ပျိုးထောင်ခဲ့ကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


